How to Contribute in Myanmar Spring Revolution

Condolence Message for the Venerable Abbot of Win Neinmitayon Monastery

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီးအတွက် ဝမ်းနည်းသဝဏ်လွှာ
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် (ငြိမ်း)၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာ ဘိဝံသသည် ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရခြင်းအတွက် အထူးပင် စိတ်ထိခိုက် ဝမ်းနည်း ကြေကွဲရပါသည်။

ဆရာတော်ဘုရားကြီးသည် ပရိယတ္တိသာသနာအတွက် စွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်း ဆောင်ရွက်နေသည့် သာသနာ့အာဇာနည် ရဟန်းတပါး ဖြစ်သည့်အတွက် ပို၍ပင် ယူကျုံးမရ နှမြောတသ ဖြစ်မိပါသည်။

ဘုရားသားတော် မြတ်သံဃာများကိုပင် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ဝံ့သည့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်သည် ဗုဒ္ဓဘာသာတရပ်လုံးကို စော်ကားလိုက်ခြင်းဖြစ်သဖြင့် ပြင်းထန်စွာ ပြစ်တင် ရှုတ်ချသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်သည် အဖြစ်မှန်ကို တမင်ဖုံးကွယ်၍ PDF အဖွဲ့အစည်းကို ရည်ရွယ် ချက် ရှိရှိ အပြစ်ပုံချခြင်း၊ လိမ်လည်လှည့်ဖျားကာ သတင်းထုတ်ပြန်၊ ပြောဆိုခြင်းကလည်း သံဃာ ထုနှင့် တိုင်းပြည်ကို ထပ်လောင်း စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ ဤလိမ်ညာမှုအတွက် အကြမ်း ဖက်စစ်တပ်၏ အဆင့်ဆင့်သော တာဝန်ရှိသူအားလုံးသည် အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရမည် ဖြစ်သည်။

မိမိတို့တိုင်းပြည်တွင် အကြမ်းဖက်စစ်တပ် သက်ဆိုးရှည်နေသရွေ့ ယခုကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများနှင့် ဆက်လက် ကြုံတွေ့နေကြရဦးမည် ဖြစ်သဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း ပပျောက်ရေးအတွက် ဘာသာပေါင်းစုံ တိုင်းပြည်လူထုတရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ဆက်လက် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပါကြောင်း ခိုင်ကျည်စွာ သန္နိဋ္ဌာန်ပြုခြင်း နှင့်အတူ ဤ ဝမ်းနည်းသဝဏ်လွှာကို လျှောက်ထား ပေးပို့အပ်ပါသည်။

 

Download PDF (Bur)
en_GBEnglish