How to Contribute in Myanmar Spring Revolution

Insights on the achievements of Spring Revolution

“ ပြည်သူများသို့ အောင်စကား” အစီအစဉ်၌ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ပါဝင်ဆွေးနွေး

“ ပြည်သူများသို့ အောင်စကား” အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် (စနေနေ့) မနက် ၉ နာရီ၌ ပြုလုပ်ခဲ့ပြီး နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ တက်ရောက် ဆွေးနွေးခဲ့ပါသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲ၌ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ယခုအခါတွင် အကြမ်းဖက် စစ်ကောင်စီသည် ပြိုကျနေပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

“စစ်ကောင်စီက လုံး၀ပြိုကျနေပြီ၊ အင်မတန်ရှင်းပါတယ်၊ သူတို့ စိတ်ဓာတ်ရေးရာ လုံး၀မရှိတော့ပါဘူး၊ စစ်တိုက်နိုင်တဲ့ စွမ်းအားလည်း မရှိတော့ဘူး၊ ခွန်အားလည်း၊ မရှိတော့ဘူး၊ ဒါကြောင့်မို့လို့ ပြည်သူ လူထုကို ပိုရှင်းလင်းအောင် ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ ပြည်သူလူထုက သေချာပေါက် နိုင်မယ့်ပွဲ ဖြစ်တဲ့အတွက်ကြောင့် ယုံယုံကြည်ကြည်နဲ့ ကျနော်တို့ အောင်စိတ်နဲ့ ဆက်ပြီးတော့ ဆင်နွှဲသွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော် ယာယီသမ္မတက ထည့်သွင်းဆွေးနွေးခဲ့ပါသည်။

စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်၌ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလနှင့်အတူ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးရည်မွန်၊ ဒေါ်ဇင်မာအောင်၊ ဦးတင်ထွန်းနိုင်၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီနှင့် ဦးမင်းကိုနိုင်တို့ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

en_GBEnglish