How to Contribute in Myanmar Spring Revolution

Message of Tribute on the 35th Anniversary of the “Wa” Region Peace Building

ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၅) နှစ်ပြည့် အခါသမယသို့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ
၂၀၂၄ ခုနှစ် ဧပြီလ (၁၇) ရက်

၁၉၈၉ ခုနှစ် ဧပြီလ (၁၇) ရက်‌နေ့တွင် စတင်တည်ထောင်ခဲ့သော ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၏ ယနေ့ကျရောက်သော (၃၅) နှစ်ပြည့် အခါသမယမှသည် နောင်လာမည့် နှစ်ပေါင်းများစွာ ဝ အမျိုးသားခေါင်းဆောင်များနှင့် ဝ ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူလူထုများ ကျန်းမာချမ်းသာကြ ပါစေကြောင်းနှင့် အေးချမ်း သာယာ ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်တောင်း ဆန္ဒပြုအပ်ပါသည်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီသည် စတင်တည်ထောင်သည့် အချိန်မှစ၍ ယနေ့အထိ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေးအတွက် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဦးဆောင်ဦးရွက်ပြုကာ ကူညီ ပံ့ပိုးခဲ့သည်များကိုလည်း ဂုဏ်ယူမိပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိ ဝပြည်က ရရှိထားသည့် တည်ငြိမ်အေးချမ်းမှု၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် တရားဥပဒေ စိုးမိုးမှုများကို ဆက်လက်ထိန်းသိမ်းနိုင်ရန်နှင့် ပိုမို တိုးတက် ဖွံ့ဖြိုးလာစေရန်အတွက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ပြည်သူ့အစိုးရနှင့် ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်တို့က ဆက်လက် ဦးဆောင် ကြိုးပမ်းဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြု ပါသည်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ဝပြည် ပြည်သူ့အစိုးရအနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွင်းသို့ ဝင်ရောက် စစ်ဘေးရှောင်လာကြသော ပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးသည့်အပေါ်လည်း လေးစား ဂုဏ်ယူ ကျေးဇူးဥပကာရ တင်ရှိပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်အာဏာရှင်ကို အပြီးသတ်ချေမှုန်းနိုင်မှသာ ဝ တိုင်းရင်းသားများ အပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူများ လို လားသည့် အမျိုးသားတန်းတူညီမျှမှု အပြည့်အဝရှိသည့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်နိုင်မည်ဟု ယုံကြည်သည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဏာရှင်စနစ် အမြစ်ပြတ်ဖြုတ်ချရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဝပြည် သွေးစည်းညီညွတ်ရေးပါတီနှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း ဆန္ဒပြုအပ်ပါသည်။

Duwa Lashi La
Acting President
National Unity Government

 

Download PDF (Bur)
en_GBEnglish