How to Contribute in Myanmar Spring Revolution

International Workers' Day (May Day), 2024

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး၏ အလုပ်သမားထုသို့ ပေးပို့သော သဝဏ်လွှာ
၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်

၁။ ယနေ့ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန် မာနိုင်ငံတွင်းရှိ ကာယ ဉာဏ အလုပ်သမားများအားလုံး စိတ်၏ တည်ကြည်ကြံ့ခိုင်ခြင်း၊ ကိုယ်၏ ကျန်း မာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆန္ဒပြုပါသည်။

၂။ လွန်ခဲ့သောနှစ်ပေါင်း ၁၃၀ ကျော်က အလုပ်သမားများသည် မိမိတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ အတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ တောင်းဆိုနိုင်ခဲ့မှု၊ စည်းလုံးညီညွတ်မှုများကြောင့် ယနေ့ လို သမိုင်းဝင် နေ့ထူးနေ့မြတ်တစ်ရက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ၁၃၀၀ ပြည့် အရေးတော်ပုံကြီး အပါအဝင် ခေတ်အဆက်ဆက် အလုပ်သမားအခွင့်အရေးအတွက် တိုက်ပွဲဝင် ကြိုး ပမ်းအားထုတ်ခဲ့သည့် သမိုင်းမှတ်တမ်းများ အထင်အရှား ရှိနေခဲ့ပါသည်။ အခြေခံအလုပ်သမား အခွင့်အရေးများအတွက် ကမ္ဘာအရပ်ရပ်က စွန့်လွှတ်အနစ်နာခံ ကြိုးပမ်းခဲ့ကြသူများ အားလုံးကို ဦးညွှတ်ပါသည်။

၃။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ အာဏာ လုယူပြီးနောက် အခြေခံ အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများ ဆိုးရွားစွာ ဆုံးရှုံးလျက်ရှိ သော်လည်း အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူများ၏ ဦးဆောင်မှုဖြင့် မြန်မာအလုပ်သမားထု တစ်ရပ်လုံးသည် မိမိတို့ ဆုံးရှုံးနေသည့် အခြေခံအခွင့်အရေးများ ပြန်လည်ရရှိ ရေးအတွက်သာမက စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လှုပ်ရှားမှုများ၌ ပြည်သူတစ်ရပ်လုံးနှင့်အတူ ယနေ့ နွေဦးတော်လှန်ရေးတွင် ရဲဝံ့ တက်ကြွစွာ ပူးပေါင်း ပါဝင်နေမှုများအတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူပါသည်။

၄။ ယနေ့မျက်မှောက်ကမ္ဘာ၏ ဖြစ်ပေါ်တိုးတက်မှုများသည် လူသားအရင်းအမြစ်ကို အခြေခံသော စွမ်း အားစုများ၏ ကြိုးပမ်းအားထုတ်မှုအပေါ် မူတည်နေပါသည်။ တိုင်းပြည်တစ်ပြည်၏ လူ့စွမ်းအားအရင်း အမြစ်များဖြစ်သော အလုပ်သမားထုကြီးသည် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက ကျသော မဏ္ဍိုင်တစ်ရပ်ဖြစ်သည်။ ပြည်တွင်းပြည်ပရှိ မြန်မာအလုပ်သမားထုကြီးသည် စစ်အာဏာ ရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး နွေဦးတော်လှန်ရေး ကြားကာလတွင်သာမက တိုင်းပြည်ပြန်လည်ထူ ထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကာလများအတွက်ပါ အရေးပါသည့် အင်အားစုကြီးဖြစ်သည်။

၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ အဆိုပါ အလုပ်သမားထုကြီး၏ အခွင့်အရေးနှင့် ဥပဒေပါ ရပိုင်ခွင့်များကို အာမခံချက်ပေး နိုင်ပြီး ပိုမိုထိရောက်သည့် ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရေး၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့အတွက် လုပ်ငန်းမူဘောင်များ၊ ရေတို၊ ရေရှည် စီမံချက်များ ရေးဆွဲ အ ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အခြေခံအလုပ်သမား အခွင့်အရေးနှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေပြီး ပြည်သူအပေါ် အကြမ်းဖက်မှုများ နေ့စဉ် ကျူးလွန်နေသည့် စစ်အုပ်စုကို အိုင်အယ်လ်အို၏ ဖွဲ့စည်းပုံစည်းမျဉ်း (ILO Constitution) နှင့်အညီ အမြင့်ဆုံး အရေးယူ ဆောင်ရွက်နိုင်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရကို အိုင်အယ်လ်အို (ILO) ကတဆင့် ထောက်ခံ ျအသိအမှတ်ပြုရေး၊ စစ်တပ်၏ အရေးကြီးသော နိုင်ငံခြားဝင်ငွေရလမ်းများကို ပိတ်ဆို့ရေး စသည့် လုပ်ငန်းများကို အိုင်အယ်လ်အို (ILO) အပါအဝင် နိုင်ငံတကာ အလုပ်သမားရေးရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

၆။ တော်လှန်ရေးမျက်နှာစာ အသီးသီးတွင် အရှုံးနှင့် ရင်ဆိုင်နေရသော အကြမ်းဖက်စစ်တပ်သည် ၎င်း တို့၏ အားအင်ချည့်နဲ့နေမှုများကို ကုစားရန် အဓမ္မ စစ်သားစုဆောင်းရေး ဥပဒေတစ်ရပ်ကို အခွင့် အာဏာမရှိဘဲ ထုတ်ပြန်၍ တိုင်းပြည်၏ အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်ရှိသော အမျိုးသမီး၊ အမျိုးသား လူငယ်လူရွယ်များကို ဖမ်းဆီးခြိမ်းခြောက်၍ အဓမ္မ လူစုဆောင်းနေခြင်းကြောင့် စစ်မှု မထမ်းလိုသည့် လူငယ်လုပ်သားများသည် ပြည်တွင်း လွတ်မြောက်နယ်မြေများနှင့် ပြည်ပနိုင်ငံများသို့ ရရာနည်းဖြင့် ထွက်ပြေးတိမ်းရှောင်နေမှုများ ဖြစ်ပေါ်ကာ ပြည်တွင်းလုပ်အား ဆုံးရှုံးမှု၊ ပုံမှန်ဝင်ငွေ မရရှိမှုနှင့် လူမှုစီးပွားဘဝ ထိခိုက်ခံစားကြရပါသည်။ အလုပ်သမားများသာမက အကျိုးဆက်အနေဖြင့် စီးပွားရေးလုပ်ငန်းများပါ ထိခိုက်ဆုံးရှုံးနေရပါသည်။ ထို့အပြင် ပြည်သူလူထုအပေါ် အကြမ်းဖက် လုပ်ရပ်များတွင် အသုံးပြုမည့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းရန် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ လစာဝင်ငွေမှ ဝင်ငွေခွန်အဖြစ် အဓမ္မ ဖိအားပေးအကျပ်ကိုင်၍ ကောက်ခံလျက်ရှိသည်။

၇။ မြန်မာနိုင်ငံတွင် အာဏာရှင်ရှိနေသ၍ အလုပ်သမားများအပါအဝင် တိုင်းရင်းသားပြည်သူတရပ်လုံး ကိုယ် စိတ် ဒုက္ခမျိုးစုံ ဆတိုး ခံစားနေကြရမည်ဖြစ်ပြီး အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းနိုင်မှသာ လျှင် အခြေခံအခွင့်အရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် တန်းတူညီမျှရေးကို အပြည့်အဝ ဖော်ဆောင်နိုင် မည်ဖြစ်သည်။ ယခုနှစ် မေဒေးအတွက် ကြွေးကြော်သံ ဆောင်ပုဒ်ဖြစ်သည့် “ဖက်ဒရယ်ဒီမိုကရေစီ မရှိ ဘဲ အလုပ်သမားအခွင့်အရေး မရှိနိုင်” “No Federal Democracy, No Labour Rights” ဆိုသကဲ့သို့ ဒီမိုကရေစီမရှိဘဲ မည်သည့်အခွင့်အရေးမျှ မရရှိနိုင်ခြင်းကြောင့် အလုပ်သမားထုကြီးအပါအဝင် ပြည်သူတရပ်လုံးအနေဖြင့် တော်လှန်ရေး အမြန်ဆုံး အဆုံးသတ်နိုင်ရန် ဆက်လက် ကြိုးပမ်း အားထုတ်စေလိုကြောင်း လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။

၈။ ကမ္ဘာ့ကုလသမဂ္ဂ (UN) နှင့် အိုင်အယ်လ်အို (ILO) အပါအဝင် နိုင်ငံတကာ အလုပ်သမားရေးရာ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး အလေးထားသည့် နိုင်ငံတကာအစိုးရများ အနေဖြင့်လည်း လက်တွေ့ဆန်သော ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အမြန်ဆုံး ဆောင်ရွက် ပေးရန် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရက အလေးအနက် ထပ်မံတောင်းဆိုအပ်ပါသည်။

၉။ မြန်မာနိုင်ငံတွင် အခြေခံအလုပ်သမား အခွင့်အရေးနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် စွန့်လွှတ်အနစ်နာခံကာ မဆုတ်မနစ် ကြံ့ကြံ့ခံတော်လှန်နေသည့် ပြည်တွင်းပြည်ပရှိ မြန်မာအလုပ်သမားထုကြီးအား လေးစားဂုဏ်ပြုပါကြောင်းနှင့် အလုပ်သမားသမဂ္ဂများ အပါအဝင် အင်အားစု ပေါင်း စုံဖြင့် ညီညွတ်စွာ တော်လှန်ရေးအောင်ပွဲကို အမြန်ဆုံးအရယူရန် ယနေ့ကျရောက်သည့် ကမ္ဘာ့ အလုပ်သမားနေ့တွင် ထပ်လောင်း သန္နိဋ္ဌာန် ချမှတ်လိုက်ပါသည်။

 

Download PDF (Bur)
en_GBEnglish