How to Contribute in Myanmar Spring Revolution

To the International Day for Mine Awareness and Assistance in Mine Action

အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာ မြှင့်တင်ရေးနေ့သို့
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သော သဝဏ်လွှာ
၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်

ယနေ့သည် နှစ်စဉ် ဧပြီလ ၄ ရက်နေ့တွင် ကမ္ဘာတဝန်းရှိ နိုင်ငံအသီးသီးတွင် ကျင်းပ ပြုလုပ်ကြ သော အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့ ဖြစ်ပါသည်။ ဧပြီလ ၄ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာ မြှင့်တင်ရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် သတ်မှတ်ကာ မြေမြှုပ်မိုင်းများ၊ စစ်ပွဲကျန် ပေါက်ကွဲစေတတ်သော အရာများ၊ ဗုံးများနှင့်စပ်လျဉ်း၍ ပြောဆို ဆွေးနွေး အသိပညာ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြပါသည်။

ယခုနှစ်တွင်လည်း “လူ့အသက်များကို ကာကွယ်၊ ငြိမ်းချမ်းရေးကို တည်ဆောက်” ဟူသော ဆောင်ပုဒ်နှင့်အတူ မြေမြှုပ်မိုင်းများကို ဖယ်ရှားရှင်းလင်းခြင်းအားဖြင့် လူ့အသက်များ ဆုံးရှုံး ခြင်းမှ ကာကွယ်ရန်၊ မြေမြှုပ်မိုင်းများကို ဖယ်ရှားရှင်းလင်းခြင်းအားဖြင့် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်၊ ယခုအချိန်အထိ မိုင်းအန္တရာယ်ရှိနေဆဲဖြစ်သော နိုင်ငံများအား လူအများ သတိပြုမိနိုင်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အသိပညာ မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်ကြရန် သတ်မှတ်ထားသည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းများ ထုတ်လုပ်အသုံးပြုနေဆဲ နိုင်ငံအနည်းစုအနက် တစ်နိုင်ငံအဖြစ် ပါဝင်နေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ မြို့နယ်အရေအတွက် ထက်ဝက်ကျော်တွင် မြေမြှပ်မိုင်းများရှိနေပြီး ဆက်လက် တိုးပွားနေဆဲဖြစ်ပါသည်။ အကြမ်းဖက် စစ်ကောင်စီ၏ ဥပဒေမဲ့ အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးရမှု ကြီးမားစွာ ဖြစ်ပေါ် လျက်ရှိရာ မြေမြှုပ်မိုင်းကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေရသည်မှာလည်း အကြောင်းအချက် တစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။

မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့်လည်း အပြစ်မဲ့ ပြည်သူများ ထိခိုက်မှု လျော့ကျစေရန်အတွက် ဒေသအသီးသီးမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ တာဝန်ခံများနှင့် ပူးပေါင်း၍ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ၊ မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးစာစောင် ဖြန့်ဝေရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး ပြည်သူများအနေဖြင့် မြေမြှုပ်မိုင်းများကြောင့် ထိခိုက်ဆုံးရှုံးမှုများ ခံစားနေရဦးမည်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းပြီး အများပြည်သူရည်မျှော်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှသာ တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်ကာ ဘေးကင်းလုံခြုံ၍ ဖွံ့ဖြိုးတိုးတက်သော လူမှုအဖွဲ့အစည်းတစ်ရပ် ထူထောင်နိုင်မည် ဖြစ်ပါသဖြင့် ယနေ့ကျရောက် သော ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမ ြှင့်တင်ရေးနေ့တွင် အားလုံး ပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Duwa Lashi La
Acting President
National Unity Government
Republic of the Union of Myanmar

 

Download PDF (Bur)
en_GBEnglish