နွေဦးတော်လှန်ရေးမှာ ပါဝင် ကူညီလိုပါသလား
“ မြန်မာ့နွေဦးတော်လှန်ရေးတွင် ပါဝင် ကူညီနိုင်သည့် နည်းလမ်းများ”
၁။ နွေဦးတော်လှန်ရေးအကြောင်း သိရှိ နားလည်စေရန် လုပ်ဆောင်ခြင်း
- မိမိကိုယ်တိုင်နှင့် အခြားသူများပါ သိရှိနားလည်နေရန် လုပ်ဆောင်ပါ
ယုံကြည်ကိုးစားရသော သတင်းရင်းမြစ်များ၊ တက်ကြွလှုပ်ရှားသူများ၊ မြန်မာ့အရေး ပါဝင်လုပ်ဆောင်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ၊ ပြောဆိုချက် များကို မပြတ် စောင့်ကြည့်ပြီး အခြေအနေအရပ်ရပ်ကို သိရှိနားလည်နေစေရန် လုပ်ဆောင်နိုင်ပါ သည်။ - ဆိုရှယ်မီဒီယာကို အသုံးပြုပါ
Twitter, Facebook, Instagram, Telegram စသည်တို့ကို အသုံးပြုပြီး မြန်မာနိုင်ငံ အခြေအနေ နှင့်ပတ်သက်၍ အခြားသူများ သိရှိနားလည်နေစေရေး ဖြန့်ဝေပေးနိုင်ပါသည်။ နွေဦးတော်လှန်ရေး၏ သတင်းများ၊ နောက်ဆုံးအခြေအနေများ တဦးချင်းစီ၏ ဇာတ်ကြောင်းများကို မျှဝေပေးနိုင်ပါသည်။ - အခမ်းအနားများ ကမကထပြု လုပ်ဆောင်ပါ
မြန်မာ့ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကြိုးပမ်း အားထုတ်မှုများနှင့် စပ်လျဥ်းသည့် ဆွေးနွေးပွဲများ၊ မှတ်တမ်းရုပ်ရှင် ပြသခြင်းများကို ကမကထပြု လုပ်ဆောင်နိုင်ပါသည်။
၂။ ရန်ပုံငွေ ကူညီ ထောက်ပံ့ခြင်း
- ဒီမိုကရေစီရေး အဖွဲ့အစည်းများကို လှူဒါန်းပါ
အမျိုးသားညီညွတ်ရေးအစိုးရ (သို့မဟုတ်) ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်ရေး ကြိုးပမ်းနေကြသည့် လူမျိုးစုအဖွဲ့အစည်းများ အစရှိသည်တို့ကို ရန်ပုံငွေများ လှူဒါန်း ပါဝင်နိုင်ပါသည်။ NUG ၏ ရန်ပုံငွေနှင့် ဘဏ္ဍရေးဆိုင်ရာ အစီအစဥ်များတွင်လည်း ပါဝင်နိုင်ပါသည်။ [email protected] အီးမေးလ်သို့လည်း ဆက်သွယ်နိုင်ပါသည်။ - ငလျင်ဘေးဒဏ်သင့်လူထုအတွက် https://mohadm.nugmyanmar.org/donate/
- နွေဦးထီ https://nwayoohti.com/
- NUGPay https://nugpay.app/
- နွေဦးဘဏ် https://springdevelopmentbank.com/
- နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ် https://www.unitedbonds-nug.org/
- ကျန်းမာရေး https://moh.nugmyanmar.org/my/donate/
- ပညာရေး https://moe.nugmyanmar.org/
- လူသားစာနာမှု https://tinyurl.com/8v775v9n
- လူသားစာနာမှု အကူအညီများ ပေးအပ်ပါ
အိုးအိမ်စွန့်ခွာရသူများ၊ စစ်ရှောင်များ၊ ဒုက္ခသည်များ စသည်တို့ကို ကူညီနေသည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF)၊ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့ (IRC)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) စသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအတွက် ရန်ပုံငွေ လှူဒါန်းနိုင်ပါသည်။
- မြန်မာသတင်းထောက်များ၊ သတင်းဌာနများကို ကူညီပါ
လွတ်လပ်သည့် သတင်းမီဒီယာများအနေဖြင့် မြန်မာနိုင်ငံ အခြေအနေအရပ်ရပ်ကို အဆက်မပြတ် သတင်းရယူ တင်ဆက်နိုင်စေရေး ရန်ပုံငွေ လှူဒါန်းနိုင်ပါသည်။ - ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ အကျဥ်းကျနေသူများ၊ မိသားစုဝင်များအတွက် ရန်ပုံငွေ စုပေါင်း ကောက်ခံပါ
ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ အကြမ်းဖက်စစ်တပ်က ဥပဒေမဲ့ ဖမ်းဆီး အကျဥ်းချထားသူများ၊ မိသားစုဝင်များ၊ ဘေးဒဏ်သင့်သူများ စသူတို့အတွက် ရန်ပုံငွေ စုပေါင်းကောက်ခံသည့် အစီအစဥ် အများအပြားရှိပါသည်။ အဆိုပါ ရန်ပုံငွေများကို ကျန်းမာရေး စောင့်ရှောက်မှု၊ ဥပဒေရေးရာ ထောက်ကူပေးမှု သို့မဟုတ် လိုအပ်သည့် မိသားစုဝင်များကို ကူညီ ထောက်ပံ့မှု စသည်တို့အတွက် အသုံးပြုပါသည်။
၃။ နိုင်ငံရေးအရ လှုံ့ဆော် စည်းရုံးခြင်း
- သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများကို ဆက်သွယ်ပါ
မြန်မာနိုင်ငံတွင် လက်နက်အားကိုး အာဏာသိမ်းယူထားသည့် အကြမ်းဖက်စစ်တပ်အပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန်၊ ဒီမိုကရေစီရေး လှုပ်ရှားမှုကို အားပေး ထောက်ခံ ကူညီရန် သက်ဆိုင်ရာ နိုင်ငံရေးသမားများ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများထံ စာရေးသား ပေးပို့ တိုက်တွန်းနိုင်ပါသည်။ - လှုံ့ဆော် စည်းရုံးရေး လှုပ်ရှားမှုများတွင် ပါဝင်ပါ
မြန်မာ့အရေး နိုင်ငံတကာက အရေးယူ လုပ်ဆောင်လာရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ပန်ကြားမှုများ၊ ဆန္ဒပြပွဲများ၊ လှုံ့ဆော် စည်းရုံးမှုများတွင် ပါဝင် လုပ်ဆောင်နိုင်ပါသည်။ - သပိတ်မှောက် အစီအစဥ်များတွင် ပါဝင်ပါ
မြန်မာ အကြမ်းဖက်စစ်တပ်နှင့် ဆက်စပ် ပတ်သက်နေသည့် ထုတ်ကုန်များကို အသုံးမပြုခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် မပတ်သက်ခြင်းတို့ဖြင့် သပိတ်မှောက်နိုင်သလို အခြားသူများလည်း အလားတူ လုပ်ဆောင်ရန် အားပေး တိုက်တွန်းနိုင်ပါသည်။
၄။ ဒုက္ခသည်များ၊ အိုးအိမ်စွန့်ရသူများကို ကူညီခြင်း
- သက်ဆိုင်ရာဒေသတွင် ကူညီ လုပ်ဆောင်ပေးပါ
လူကြီးမင်းနေထိုင်သောဒေသရှိ မြန်မာနိုင်ငံမှ ဒုက္ခသည်များအတွက် လုပ်ကိုင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများတွင် ပါဝင် ကူညီနိုင်ပါသည်။ - လိုအပ်သည်များ လှူဒါန်းပေးပါ
အိုးအိမ်စွန့်ရသူများကို ကူညီနေသည့် အစုအဖွဲ့များသို့ စားနပ်ရိက္ခာများ၊ အဝတ်အထည်များ၊ ကျောင်းသုံးပစ္စည်းများ စသည်တို့ကို လှူဒါန်းနိုင်ပါသည်။
၅။ တော်လှန်ရေးအင်အားစုများ၏ သဘောထားအမြင်များကို ထပ်ဆင့် ဖြန့်ဝေခြင်း
- နိုင်ငံတကာရှိ မြန်မာအဝန်းအဝိုင်းများနှင့် လက်တွဲလုပ်ဆောင်ပါ
မြန်မာ့နွေဦးတော်လှန်ရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည့် ပြည်ပရှိ မြန်မာအဝန်းအဝိုင်းများနှင့် လက်တွဲပြီး တောင်းဆိုမှုများကို ထပ်ဆင့် ဖြန့်ဝေနိုင်ပါသည်။ - အနုပညာလက်ရာများကို မျှဝေပေးပါ
နွေဦးတော်လှန်ရေး၏ ဇာတ်ကြောင်းများ၊ ရုန်းကန် ကြိုးစားမှုများကို မီးမောင်းထိုး ဖော်ပြသည့် မြန်မာအနုပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၏ လက်ရာများကို မျှဝေနိုင်ပါသည်။
၆။ ဒစ်ဂျစ်တယ်လ် နည်းလမ်းများဖြင့် လှုပ်ရှားခြင်း
- အွန်လိုင်းဆင်ဆာလုပ်ခြင်းကို ပါဝင် တိုက်ဖျက်ပေးပါ
မြန်မာနိုင်ငံတွင် အင်တာနက်ဆက်သွယ်ရေး ပိတ်ပင် ကန့်သတ်ခြင်းကို ကျော်လွှားနိုင်မည့် VPN များ သို့မဟုတ် နည်းလမ်းများကို မျှဝေနိုင်ပါသည်။ - ဘေးရန်ကင်းသည့် ဆက်သွယ်ရေးနည်းလမ်းများကို ကူညီ ထောက်ပံ့ပေးပါ
မြေပြင်ရှိ တက်ကြွလှုပ်ရှားသူများ ဘေးရန်ကင်းစွာ ဆက်သွယ်နိုင်သည့် နည်းလမ်းများကို ကူညီလုပ်ဆောင်နေသည့် အစီအစဥ်များအတွက် ပါဝင် လှူဒါးနိုင်ပါသည်။
၇။ စဥ်ဆက်မပြတ် ပါဝင် လုပ်ဆောင်ခြင်း
- မြန်မာ့နွေဦးတော်လှန်ရေးသည် ကာလရှည် ရုန်းကန် တိုက်ပွဲဝင်ရမည့် တော်လှန်ရေးတရပ် ဖြစ်ပါသည်။ နောက်ဆုံးအခြေအနေများကို မပြတ် သိရှိနေစေရန် လုပ်ဆောင်ပြီး စဥ်ဆက်မပြတ် ပါဝင် ကူညီ လုပ်ဆောင်ပါ၊ နိုင်ငံတကာ၏ သတိပြုမိမှု လျော့ပါးလာသည့် အခြေအနေမျိုး ရောက်လာသည့်တိုင် လူကြီးမင်း၏ ပါဝင် အားထုတ် လုပ်ဆောင်မှုများကို စဥ်ဆက်မပြတ် လုပ်ဆောင်ပေးပါ။