“ လှိုက်လှဲစွာ ကြိုဆိုပါသည်”
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိင်ငံတော်သမ္မတရုံး တရားဝင် အင်တာနက် စာမျက်နှာမှ လှိုက်လှဲစွာ ကြိုဆိုပါသည်။
မြန်မာလူထုနှင့်သာမက တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် ဖက်ဒရယ် ဒီမိုကရေစီတို့အတွက် မိမိတို့နှင့်အတူတကွ ရပ်တည် တိုက်ပွဲဝင်နေသော ကမ္ဘာတဝန်းမှ အားပေး ထောက်ခံသူများနှင့်ပါ ချိတ်ဆက် ထိစပ်နိုင်ရန် ရည်ရွယ်၍ ဤ အင်တာနက် စာမျက်နှာကို ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။
မိမိတို့ နိုင်ငံသမိုင်းတွင် အထူးပင် အရေးပါသော အလှည့်အပြောင်းကာလတခုကို ရင်ဆိုင်နေကြရသည်နှင့်အမျှ လူထုဆန္ဒကို အလေးအနက်ထားသည့် မိမိတို့၏ သန္နိဋ္ဌာန်အပေါ် သမ္မတရုံးအနေဖြင့် မယိုင်မလဲ ခိုင်မြဲစွာ ရပ်တည်လျက်ရှိပါသည်။
မိမိတို့သည် အစိုးရတရပ်ကို ကိုယ်စားပြုသည်သာမက လွတ်လပ်မှု၊ လူ့ဂုဏ်သိက္ခာနှင့် တရားဥပဒေစိုးမိုးရေးတို့ကို တန်ဖိုးထားသည့် မြန်မာနိုင်ငံတရပ် တည်ထောင်လိုသည့် သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားတို့၏ မျှော်လင့်ချက်နှင့် ပြင်းပြသော ဆန္ဒ ရည်မှန်းချက်ကိုလည်း ကိုယ်စားပြုပါသည်။
ထိုစံတန်ဖိုးများ၏ လမ်းညွှန်မှုဖြင့် တရားမျှတမှုကင်းမဲ့စွာ ငြင်းပယ်ခံထားရသည့် ဒီမိုကရေစီနည်းကျ အခွင့်အရေးများ ပြန်လည် ရယူ ခံစားနိင်ရေး နေ့ညမပြတ် အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။
ဤ အင်တာနက် စာမျက်နှာမှတဆင့် မိမိတို့၏ ကြိုးပမ်း လုပ်ဆောင်ချက်များကို အချိန်နှင့်တပြေးညီ မျှဝေ တင်ပြရန်၊ ပြည်တွင်းပြည်ပမှ တော်လှန်လူထုများ၊ အားပေးထောက်ခံသူများနှင့် ထိစပ် ချိတ်ဆက်ရန်၊ မြန်မာနိုင်ငံသား တဦးချင်းစီနှင့် နိုင်ငံတကာမိတ်ဆွေ တဦးချင်းစီ၏ ပါဝင် လုပ်ဆောင်မှုတို့ကို ဖိတ်ေခေါ်သွားရန် ရည်ရွယ်ပါသည်။
မိမိတို့၏ အမွေအနှစ်ကို ထိန်းသိမ်းရန်၊ ငြိမ်းချမ်းသော ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံသစ် ထူထောင်ရန် မိမိတို့အားလုံးတွင် အတူတကွ တာဝန်ရှိသည်ဟု ခံယူပါသည်။ တဦးချင်းစီ၏ အားပေးထောက်ခံမှုဖြင့် မျှော်လင့်ချက်ပြည့်ဝသည့် ရောင်နီသစ်ကို မိမိတို့ မြင်တွေ့ကြရမည်ဟု အခိုင်အမာ ယုံကြည်ပါသည်။
လာရောက်ကြည့်ရှုခြင်းနှင့် မိမိတို့နှင့်အတူတကွ သွေးစည်းညီညွတ်စွာ ရပ်တည်ခြင်းအတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။
“ အရေးတော်ပုံ မုချ အောင်ရမည်”
နိုင်ငံတော်အခြေပြမိန့်ခွန်း
ပြည်သူ့ခုခံတော်လှန်စစ် (၄) နှစ်ပြည့်
https://youtu.be/iggFTFjQ3sQ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း (၄) နှစ်ပြည့်နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း၂၀၂၅ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့ တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့ခင်ဗျား ဒီကနေ့ဟာ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ် (၄)...
အစိုးရအဖွဲ့အစည်းအဝေးမိန့်ခွန်း
၁၂ /၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေး
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက် မနေ့က ပုပ်ရဟန်းမင်းကြီးဖရန်စစ် ကွယ်လွန်တဲ့နေ့ရက်နဲ့ ဒီနေ့ ကျွန်တော်တို့ အစိုးရအဖွဲ့အစည်းအဝေး ပြုလုပ်ကျင်းပတဲ့ ရက်က ရှေ့ဆင့်နောက်ဆင့် ဖြစ်တာတွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကွယ်လွန်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး...
အခမ်းအနားမိန့်ခွန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၇ နှစ်မြောက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၇) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသမိုင်းမှာ အစဉ်အလာကြီးမားတဲ့...
သတင်းထုတ်ပြန်ချက်
KNU ဥက္ကဋ္ဌနှင့် ယာယီသမ္မတတို့ ဆက်သွယ် ဆွေးနွေး
တွေ့ဆုံချိန်အတွင်း နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန် တော်လှန်ရေးအင်အားစုများကြား ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားမည့် ကဏ္ဍများနှင့်စပ်လျဥ်း၍ အကျယ်တဝံ့ ဆွေးနွေးခဲ့ကြပါသည်။
သဝဏ်လွှာ
တောင်ကိုးရီးယားသမ္မတသစ် အီဂျဲမြောင်ထံ နိုင်ငံတော်ယာယီသမ္မတက ပေးပို့သည့် သဝဏ်လွှာ
ရွေးကောက်ပွဲအနိုင်ရ တောင်ကိုးရီးယားသမ္မတထံ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတက ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ ၂၀၂၅၊ ဇွန် ၊...
ထုတ်ပြန်ကြေညာချက်
တာဝန်မှ အနားယူခွင့်ပြုခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံး [email protected] ထုတ်ပြန်ကြေညာချက်အမှတ် (၁/၂၀၂၅) ၂၀၂၅ ခုနှစ်၊ ဇွန်လ၊ (၁၀) ရက်နေ့ တာဝန်မှ အနားယူခွင့်ပြုခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊...