
Press Release 08/2023
၂၀၂၃ နိုဝင်ဘာ ၁၆
ကနေဒါနိုင်ငံ၊ Ottawa မြို့တွင် နိုဝင်ဘာလ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့က ကျင်းပသည့် Global Pluralism Award အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတက်ရောက်သူများထဲမှ တဦးဖြစ်သည့် ကနေဒါ ဝန်ကြီးချုပ်ဟောင်းက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ ရိုဟင်ဂျာလူနည်းစု အရေးကိစ္စများနှင့် စပ်လျဥ်းပြီး ပြောဆို ဆွေးနွေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်သူများထဲတွင် Princess Aga Khan၊ ကနေဒါ ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သံတမန်များလည်း ပါဝင်ပါသည်။