ဒီနေ့ (၇၈) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့အထိမ်းအမှတ် အခမ်းအနားဟာ ကျွန်တော်တို့နိုင်ငံအတွက် ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရခြင်း အတိတ်သမိုင်းကြောင်းကို ပြန်ကြည့်ရင်၊ ဒုတိယကမ္ဘာစစ်အပြီးကာလမှာ ခေတ်သစ်နိုင်ငံတော်သစ်တစ်ခု ပြန်လည်ထူထောင်ကြတဲ့ အခြေအနေကို တွေ့ရပါတယ်။

