“ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (iFEC) ဖွဲ့စည်းသည့်အပေါ် ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်းအသိအမှတ်ပြုစာလွှာ”
၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့
၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့
၁။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ (FDEP) ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ၂၀၂၃ မေလ ၈ ရက်နေ့တွင် အတည်ပြု ကြေညာခဲ့သည့်အပေါ် အားရဝမ်းသာရှိခဲ့ပါသည်။
၂။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို အကောင်အထည်ဖော်ရန် ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား ညီနောင်မောင်နှမ နိုင်ငံရေးအင်အားစုများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ၂၀၂၄ ဇွန်လ ၁၄ ရက်နေ့တွင် တိုက်တွန်း နှိုးဆော်လွှာ ထုတ်ပြန်ခဲ့ပါသည်။
၃။ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (iFEC) ကို ၂၀၂၄ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ ပြည်နယ်/ဖက်ဒရယ်ယူနစ် ပညာရေးဌာနများ၊ တိုင်းရင်းသားအခြေပြု ပညာရေးဌာနများ၊ ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများနှင့် ပညာရေးဆိုင်ရာ ပညာရှင်များ ပါဝင်ဖွဲ့စည်းလိုက်သည့်အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။
၄။ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (iFEC) အနေဖြင့် ယခုကာလမှစ၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာသည်အထိ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို ပြည်ထောင်စုတဝန်း ကျင့်သုံးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဒူဝါလရှီးလ
နိုင်ငံတော်ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံတော်ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ