How to Contribute in Myanmar Spring Revolution

မြန်မာ့ရိုးရာ နှစ်သစ်ကူး နှုတ်ခွန်းဆက်မိန့်ခွန်းမှ ကောက်နုတ်ချက်

တိုင်းပြည်နဲ့ ပြည်သူ့ဘဏ္ဍာတွေကို ဂုတ်သွေးစုပ်ပြီး ပြည်သူ ကို စစ်မက်ပြုနေတဲ့ စစ်အုပ်စုကို တိုက်ထုတ်ရတဲ့ တော်လှန်ရေးဖြစ်သလို စစ်အာဏာရှင်နဲ့ အာဏာရှင် မှန်သမျှ၊ စစ်အာဏာရှင် အမူအကျင့်၊ အတွေးအခေါ် မှန်သမျှ အဆုံးသတ်ရေးအတွက် ဆင်နွှဲနေရတဲ့ တော်လှန်ရေးဖြစ်တာကြောင့် ခက်ခဲကြမ်းတမ်းမှုတွေ အများကြီး ရှိတယ်ဆိုတာကိုလည်း အရှိတရား ကျကျ ကြည့်မြင်ရမှာဖြစ်ပါတယ်။
တတ်နိုင်သမျှ ဒီတော်လှန်ရေးကို အမြန်ဆုံး အောင်မြင်အောင် လုပ်ဆောင်ပြီး ပြည်သူလူထု ထမ်းထား ရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ပပျောက်သွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ ၂၀၂၅ ခုနှစ် ဟာ ကြီးမားတဲ့ တော်လှန်ရေးအလှည့်အပြောင်း ဖြစ်လာစေမယ့်နှစ်၊ ပြည်သူလူထုအတွက် တော်လှန်ရေး အပြီးသတ်အောင်ပွဲ အလင်းရောင်ကို ယူဆောင်သွားနိုင်မယ့် နှစ်ဖြစ်ဖို့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံး ဆထက်ထမ်းပိုး ကြိုးစားသွားရမှာ ဖြစ်ပါတယ်။
en_GBEnglish