How to Contribute in Myanmar Spring Revolution

Achievement of the Chin National Unity Agreements

Republic of the Union of Myanmar
National Unity Government
ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက်များရရှိခဲ့ခြင်းအပေါ် ကြိုဆိုဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခြင်း
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ချင်းပြည်သူတစ်ရပ်လုံး၏ ရေရှည်အနာဂတ် အကျိုးကို မျှော်ရည်လျက် ချင်းအမျိုးသားနိုင်ငံရေး ဦးဆောင်အဖွဲ့များဖြစ်ကြသည့် ချင်းပြည် (Chinland)ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား သဘောတူညီချက်များ ရယူနိုင်ခဲ့ပြီး ချင်းပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံကိုယ်စားပြုမည့် “ချင်းအမျိုးသားကောင်စီ” ဟူသော ကောင်စီတစ်ရပ် တည်ထောင်ရန်အတွက် သဘောတူညီမှု ရရှိခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုပါ ကြောင်း အလေးအနက်ဖော်ပြအပ်ပါသည်။
ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန်သဘောတူညီ ခဲ့ကြခြင်းမှာလည်း ချင်းအမျိုးသားတစ်ရပ်လုံးနှင့် အနာဂတ်ပြည်ထောင်စုအတွက် အတိုင်းထက် အလွန် ဝမ်းမြောက်ဖွယ်ဖြစ်ပါကြောင်း ထပ်လောင်းအသိအမှတ်ပြု ဖော်ပြလိုပါသည်။
အယူအဆ၊ သဘောထားကွဲလွဲခဲ့မှုများ ရှိခဲ့သော်လည်း ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာခဲ့သည့် ချင်းနိုင်ငံရေးဦးဆောင်အဖွဲ့နှစ်ခု၏ နိုင်ငံရေးသဘောထားကြီးမှုသည် ပြည်သူ့နွေဦး တော်လှန်ရေးတွင် ပါဝင်နေသော တော်လှန်ရေးအင်အားစုများအတွက် ဒီမိုကရေစီအလေ့ အကျင့်ကောင်းအဖြစ် အလေးအနက် စံပြုထိုက်ဖွယ် ဖြစ်ပါသည်။
နွေဦးတော်လှန်ရေးစတင်သည့် အချိန်မှစ၍ ချင်းလူမျိုးများသည် မတရားစစ်အာဏာသိမ်း မှုကို ဆန့်ကျင်ပြီး လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် စွန့်လွှတ်ပေးဆပ်မှုများစွာ၊ အနစ်နာခံ မှုများစွာဖြင့် တော်လှန်တိုက်ပွဲဝင်နေကြသည်ကို လေးစားဂုဏ်ယူဖွယ်ရာ တွေ့မြင်ရပြီးဖြစ် ပါသည်။အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေမည့် အဆုံးသတ်တော်လှန်ရေးကို ဆင်နွှဲရာ၌ တော်လှန်ရေးအင်အားစုများအကြား၊ လူမျိုးစုများအကြား နားလည်ယုံကြည်မှု၊သဘောထားကြီးမှုနှင့် အားကောင်းသည့် စုစည်းညီညွတ်မှုများ ခိုင်မာစွာ တည်ရှိနေရန် လိုအပ်သည်ဟု ယုံကြည်ပါသည်။
ယခုကဲ့သို့ ချင်းအမျိုးသားနိုင်ငံရေးဦးဆောင်အဖွဲ့များ စည်းလုံးညီညွတ်စွာ ပေါင်းစည်းပြီး “ချင်းအမျိုးသားကောင်စီ” အုတ်မြစ်အား ခိုင်မာမြဲမြံစွာ ချမှတ်နိုင်ခဲ့မှုမှအစပြု၍ ချင်းပြည်သူ တစ်ရပ်လုံးအတွက် တရားမျှတမှု၊လွတ်လပ်မှု၊တန်းတူညီမျှမှု၊ ကွဲပြားစုံလင်မှုအပေါ် လက်ခံနိုင်မှု စသည်တို့အား အခြေခံသည့် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်သည့်တိုင်အောင် အတူတကွ လက်တွဲချီ တက်ရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စိတ်အားထက်သန်မှု အပြည့်ဖြင့် မျှော်ရည်မှန်း လျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
National Unity Government
en_GBEnglish