
“ Insights on the achievements of Myanmar’s Spring Revolution” စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ် ကျင်းပ
ဩဂုတ်လ ၂၁ ရက်၊ ၂၀၂၄
“ မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များ – Insights on the achievements of Myanmar’s Spring Revolution” စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကို ဩဂုတ်လ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်တွင် တီမောလပ်စတေးနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာ၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်တို့နှင့်အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း H.E. Kasit Piromya၊ NSW ဩစတြေးလျ လွှတ်တော်အမတ် Hon. Janelle Saffin၊ မြန်မာနိုင်ငံကြားကာလဗဟိုဘဏ် အထူးအကြံပေး Dr. Sean Turnell နဲ့ Prague လူမှုအခြေပြုစင်တာရဲ့ အကြီးတန်းအကြံပေး Igor Blaževič တို့ က ပါဝင်ဆွေးနွေးခဲ့ကြပါသည်။