
နိုင်ငံတော်သမ္မတကြီးနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံ
ရက်စွဲ – နိုဝင်ဘာ ၉၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် ရေးဆွဲရေး လုပ်ငန်းကော်မတီတို့သည် နိုဝင်ဘာလ ၉ ရက်နေ့တွင် ZOOM Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတကြီး ဒူဝါလရှီးလနှင့်အတူ နိုင်ငံတော်သမ္မတရုံး အတွင်းဝန်၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူနှင့် သမ္မတရုံးအဖွဲ့ဝင်များ ပါဝင် တက်ရောက်ကြပြီး မန္တလေး လုပ်ငန်းကော်မတီမှ ကော်မတီဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် နှစ်ဘက် ပါဝင်တက်ရောက်ကြသူများက အပြန်အလှန် မိတ်ဆက်ကြပြီးနောက် မန္တလေး လုပ်ငန်းကော်မတီအနေဖြင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းစဉ်နှင့် လက်ရှိ ဆောင်ရွက်နေမှုများကို မျှဝေ ဆွေးနွေးခဲ့ပါသည်။
နိုင်ငံတော်သမ္မတကြီးနှင့် သမ္မတရုံးအဖွဲ့ဝင်များကလည်း မန္တလေးလုပ်ငန်းကော်မတီ၏ ဆွေးနွေးမေးမြန်းမှုများအပေါ် ပြန်လည် ဖြေကြားပြီး ဖြည့်စွက် အကြံပြုချက်များလည်း ပြောကြားခဲ့ကြပါသည်။
ထို့အပြင် ကြားကာလ နိုင်ငံရေးအစီအမံနှင့် ပတ်သက်၍ အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
ရှေ့ဆက်၍ လိုအပ်သလို ချိတ်ဆက် တွေ့ဆုံကြရန်လည်း ဆွေးနွေး သဘောတူခဲ့ကြပါသည်။